စိတ်လေနေသည်မှာ အချိန်အတော်ကြာခဲ့ပြီ။
ငယ် စဉ်ကတော့ ဒူးယားစီးကရက် ကောက်ဖွာ လိုက် ဒါမှမဟုတ် လက်စွဲတော် ဟော်လိုဂစ်တာလေး နဲ့ ကိုထီးသီချင်း ခတ်တိုးတိုး ဆိုရင်း စိတ်ဖြေ ခဲ့ဖူးသည်။
ဂစ်တာ တလုံးတော့အခုအထိ ရှိပါသည် သို့သော်အခန်းရဲ့ ဒေါင့်တနေရာမှာ ဖုန်တွေ တက် လို့။
စီးကရက် လက်နဲ့မတို့တာ အနှစ်နှစ်ဆယ် ရှိခဲ့ ပြီ ဂစ်တာ တော့စိတ်လိုလက်ရ ရှိ ရင် ကောက်ကိုင်မိ ပါရဲ့။
ဂစ်တာ ဆိုလို့ မှတ်မှတ်ရရ စ တီးဖြစ်တော့ အသက်ကဆဲ့သုံးနှစ်.. သင်ပေးတဲ့ သူငယ်ချင်း ကအခု မရှိရှာ တော၊့ ဒီအက်အေ ဆင်းပြီးမကြာခင်ဘဲ ကျဆုံးသွားရှာ တယ်။ ကံကောင်း တယ်လို့ ကြံဖန်ဖြေ ရတယ်။ ဒီကောင် အခုရှိ ရင်ပြုတ်ရင်ပြုတ်
မပြုတ်ရင်လဲ ငရဲကြီး ရမှာ သူရဲကောင်းလိုသေရတာ ကံကောင်းတယ် ခေါ်ရမှာပေါ့လေ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုယ်တို့ဂစ်တာစ ကိုင်တော့ လားရှိုး သိန်းအောင် ရဲ့ လယ်သူမလေးချစ်သူ သီချင်းနဲ့ .. သိတ်မကြာခင်ပဲ သူနဲ့မိသားစု ဗျုံး ဒိုင်းဆိုအလည်ရောက်လာ ကြတာမှတ်မိတယ်။ သိတ်မကြာခင်ပဲ သူမြန်မာပြည်ကနေ အပြီးအပိုင် တွက် ခွါခဲ့တာ ဒီနေ့အထိပါဘဲ။
ဂစ်တာ အ ကြောင်းပဲ ဆက်အုံးမယ်။
ကိုယ်တို့ ခေတ်က ဂစ်တာ ဆို ကျင်စု ပဲရှိတယ်။ ကရင် သူငယ်ချင်း တွေ ထွင်းအိုး ကိုယ်တိုင် လုပ်တီးတာ တွေ့ဖူးတယ်။ ကျင်စု ဂစ်တာက ထွင်းအိုးကို မမှီပေမဲ့ ဆီဆေန် ကျ သွားပြီဆိုရင် အတော်လေးနားထောင် ပျော်တယ်။ ကိုယ့်ရဲ့ ကျောင်းသားဘဝ ကဂစ်တာလေးဆို ပေါက် နေတာတောင် အသံကလွင် နေ တုန်း။တခု ဘဲ ကျင်စုဂစ်တာ တွေရဲ့ ကီးတွေက မကောင်းတော့ အမြဲတန်းလိုလို ဒေါင်ဒင် ဒေါင်ဒင် နဲ့ ကီးပြန်ချိန်ရတယ်။ ဒို ရေ မီ လေးသိလာ တော့ တမျိုးပေါ့လေ။
လမ်းဘေးမှာထိုင် ညမှောင်တာ နဲ့ ဒုံချမ်းချမ်း တီးရင်းလူပျိုပေါက်တွေရဲ့ ကီးမဝင်တဲ့အသံကြောင် တွေနဲ့ အော်ကြဟစ်ကျ နဲ့ ကိုယ့် ကိုယ် တော့ တကဲ့အကောင် လို့ထင်ခဲ့တဲ့ အချိန်တွေပါ။









